Local News

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်တွင် (၁၁-၈-၂၀၂၅ မှ ၁၅-၈-၂၀၂၅) ရက်နေ့အတွင်းဖြစ်ပေါ်ခဲ့သော ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် အာလူးဈေးနှုန်းများ

Last Updated:

ကြက်သွန်နီ

         ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့် မုံရွာမြို့တို့မှ ကြက်သွန်နီများ နေ့စဉ်ဝင်ရောက် လျက်ရှိရာ ကြက်သွန်နီ (တစ်ပိဿာ) ဈေးနှုန်းများမှာ ဆိပ်ဖြူရှယ် ကျပ် ၁၇၀၀ ၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၁၅၅၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၁၃၀၀ ၊ ဆိပ်ဖြူလတ်ချော ကျပ် ၈၅၀ ၊ မုံရွာသစ်ရှယ် ကျပ် ၁၆၀၀ ၊ မုံရွာ လတ်ကြီး ကျပ် ၁၄၀၀ ၊ မုံရွာလတ်သန့် ကျပ် ၁၂၀၀ နှင့် မုံရွာလတ်ချော ကျပ် ၈၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ဆိပ်ဖြူရှယ် ကျပ် ၅၀ နှင့် ဆိပ်ဖြူလတ်ကြီး ကျပ် ၅၀၊ မုံရွာသစ်ရှယ် ကျပ် ၂၀၀ ၊ မုံရွာ လတ်ကြီး ကျပ် ၃၀၀ ၊ မုံရွာလတ်သန့် ကျပ် ၃၀၀ နှင့် မုံရွာလတ်ချော ကျပ် ၃၀၀ အသီးသီးဈေးမြင့်တက်ခဲ့ပြီး ကျန်အမျိုးအစားများ ဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့  ကြက်သွန်နီ ဝင်ရောက်မှုမှာ ယခင်အပတ်က ကားစီးရေ ၁၃၆ စီး (၈၁၆,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ ပြီး ယခုအပတ်တွင် ကားစီးရေ ၁၂၀ စီး (၇၂၀,၀၀၀ ပိဿာ)ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ် ထက်ကားစီးရေ ၁၆ စီး (၉၆,၀၀၀ ပိဿာ)လျော့နည်း ဝင်ရောက်ခဲ့ကြောင်းသိရသည်။    

 ကြက်သွန်ဖြူ 

         ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြူကုတ်မြို့နှင့် အောင်ပန်းမြို့တို့မှ ကြက်သွန်ဖြူများ နေ့စဉ် ဝင်ရောက်လျက်ရှိရာ ကြက်သွန်ဖြူ (တစ်ပိဿာ) ဈေးနှုန်းများမှာ ကြူကုတ်(ရှယ်)  ကျပ် ၁၆၅၀၀၊ အောင်ပန်းထူး -၂ ကျပ် ၄၅၀၀၊ အောင်ပန်းထူး-၃ ကျပ် ၅၅၀၀ ၊ အောင်ပန်းထူး-၄  ကျပ်  ၆၀၀၀  နှင့်   အောင်ပန်းထူး-၅   ကျပ် ၇၀၀၀  အသီးသီးဈေး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ကြူကုတ်(ရှယ်)  ကျပ်  ၂၀၀၀၊ အောင်ပန်းထူး -၂   ကျပ် ၅၀၀၊ အောင်ပန်းထူး-၃ ကျပ် ၅၀၀ ၊ အောင်ပန်းထူး-၄  ကျပ်  ၁၀၀၀  နှင့် အောင်ပန်းထူး-၅  ကျပ် ၁၀၀၀  အသီးသီးဈေးမြင့်တက်ခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ ကြက်သွန်ဖြူအိတ်ရေ ၂၃၀၀ (၆၉,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကြက်သွန်ဖြူအိတ် ၁၈၀၀  (၅၄,၀၀၀  ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကြက်သွန်ဖြူအိတ် ၅၀၀ (၁၅,၀၀၀ ပိဿာ) လျော့ နည်းဝင်ရောက်ခဲ့ကြောင်းသိရသည်။ 

 အာလူး

           ဘုရင့်နောင်ကုန်စည်ဒိုင်သို့ အောင်ပန်းမြို့နှင့် တရုတ်မှ အာလူးများနေ့စဉ် ဝင်ရောက်လျက် ရှိရာအာလူး (တစ်ပိဿာ) ဈေးနှုန်းများမှာ  အောင်ပန်း A1  ကျပ် ၃၀၀၀၊ အောင်ပန်း Ok ကျပ်  ၃၃၀၀ ၊ အောင်ပန်း S1 ကျပ်  ၃၅၀၀ နှင့် တရုတ်အာလူး ကျပ် ၅၃၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ် အတွင်း အောင်ပန်း Ok  ကျပ်  ၂၀၀ ၊ အောင်ပန်း S1  ကျပ် ၁၀၀၀ နှင့် တရုတ်အာလူး ကျပ် ၅၀၀ အသီးသီးဈေးမြင့်တက်ခဲ့ပြီး အောင်ပန်း A1 မှာ ကျပ် ၅၀၀ ဈေးကျဆင်းခဲ့ သည်။ ကုန်စည်ဒိုင်သို့ အာလူးဝင်ရောက်မှုမှာ ယခင်အပတ်ကကားစီးရေ ၂၀ စီး(၁၂၀,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ် တွင် ကားစီးရေ ၁၉ စီး(၁၁၄,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကားစီးရေ ၁ စီး (၆,၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ ကြောင်းသိရသည်။   

ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News